Breaking News

ငွေစာရင်းဌာန

ငွေစာရင်းဌာန၏ လုပ်ငန်းဆောင်တာများ                   

ငွေစာရင်းဌာန၏ လုပ်ငန်းတာဝန်များမှာ ရသုံးမှန်းခြေစာရင်းများရေး ဆွဲခြင်း၊ ရငွေသုံးငွေများကို ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခြင်း၊ သုံးစွဲ ခြင်း၊ လချုပ်နှစ်ချုပ်စာရင်းပြုစုခြင်း၊ ဌာနတွင်းနှင့် ဒေသစာရင်းစစ်ရုံးမှစစ်ဆေးရန် အတွက် ပြင်ဆင်ရှင်းလင်းခြင်း၊ ဝင်ငွေခွန်၊ အိမ်လခ ၊ မီတာခ၊ အသက်အာမခံကြေး၊ အစရှိသည်တို့ကို လစာငွေမှ ဖြတ်တောက်ရယူပေးသွင်းခြင်းနှင့် လွှဲပြောင်းပေးခြင်း စာရင်းများကို စနစ်တကျ ပြုစုခြင်းတို့ဖြစ်ပါသည်။

ဌာနမှူး (စီမံ/ဘဏ္ဍာ) လုပ်ငန်းဆောင်တာများ

(က)   လုပ်ငန်းကိစ္စအဝဝကို ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးတို့၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်းများအား ကြီးကြပ်အုပ်ချုပ်၍ ဆောင်ရွက် သွားရန်။

(ခ)     ဘဏ္ဍာရေးကိစ္စရပ်များ ၊ ပစ္စည်းဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်။

(ဂ)    ဌာနအတွက် အတည်ပြုပြီး လုပ်ငန်းစီမံချက်များ၊ အကောင်အထည်ဖော်ရာ ၌ ဦးဆောင်ရန်နှင့် လိုအပ်သော ရေရှည်၊ ရေတို စီမံချက်များရေးဆွဲ တင်ပြရန် ။

(ဃ)   ဝန်ထမ်းများအား သင်တန်းစေလွှတ်သည့် ကိစ္စရပ်များ စီစဉ်ပေးရန်။

စာရင်းကိုင်-၁/ငွေကိုင်-၁၏ လုပ်ငန်းဆောင်တာများ

(က)   ဘတ်ဂျတ်/ ငွေစာရင်းနှင့် ပတ်သက်သည့်လုပ်ငန်း၏ အရေးကြီးသည့် အပိုင်းများကို ကိုယ်တိုင်လုပ်ကိုင်ရန်

(ခ)     ရုံးလုပ်ငန်း၏ တိုးတက်မှုအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်၍ တင်ပြနှိုးဆော်ရန်။

စာရင်းကိုင်-၂/ငွေကိုင်-၂ ၏ လုပ်ငန်းဆောင်တာများ

(က)   ငွေစာရင်းနှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေကို လစဉ်အသုံးစရိတ် အခြေပြုစာရင်းရေးဆွဲပြီးတင်ပြရန်။

(ခ)     လစဉ်အသုံးစရိတ်နှင့် ဘတ်ဂျတ်နှိုင်းယှဉ်ပြသောစာရင်း ပြုစုတင်ပြရန်။

(ဂ)    ချက်လက်မှတ်များရေးသားရန်။

(ဃ)   ဦး-စ စာရင်းများရေးဆွဲရန်။

(င)     စာရင်းကိုင်-၁ /ငွေကိုင်-၁ က ခွဲဝေပေးသော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရန်

စာရင်းကိုင်-၃/ငွေကိုင်-၃ ၏ လုပ်ငန်းဆောင်တာများ

          (က)   ငွေစာရင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို စနစ်တကျဖိုင်တွဲထား

                   ရန်

          (ခ)     အရာထမ်းများ၊ အမှုထမ်းများ၏ လစာစာရင်းပြင်ဆင်ရန်။

          (ဂ)    အခြေခံမှတ်တမ်းများမှ သက်ဆိုင်ရာ ဌ-စ စာရင်းများသို့ စာရင်းကူးပြောင်း

                   ရေးသွင်းရန်။

          (ဃ)   စာရင်းကိုင်-၂/ငွေကိုင်-၂ ခွဲဝေပေးထားသော တာဝန်များကို ကျေပွန်စွာ

                   ဆောင်ရွက်ရန်

စာရင်းကိုင်-၄/ငွေကိုင်-၄ ၏ လုပ်ငန်းဆောင်တာများ

          (က)   ငွေစာရင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို စနစ်တကျဖိုင်တွဲထား

                   ရန်

          (ခ)     အရာထမ်းများ၊ အမှုထမ်းများ၏ လစာစာရင်းပြင်ဆင်ရန်။

          (ဂ)    အခြေခံမှတ်တမ်းများမှ သက်ဆိုင်ရာ ဌ-စ စာရင်းများသို့ စာရင်းကူးပြောင်း

                   ရေးသွင်းရန်

(ဃ)   စာရင်းကိုင်-၃/ငွေကိုင်-၃ က ခွဲဝေပေးသော တာဝန်များကျေပွန်စွာ ဆောင်ရွက်ရန်

ငွေစာရင်းဌာနတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ

စဉ်အမည်ရာထူးဌာန
‌ဒေါ်အိသန္တာဇော်ဌာနစုမှူး(ဘဏ္ဍာ)ငွေစာရင်း