Breaking News

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

လျှပ်စစ်စွမ်းအားဘာသာရပ်ကို သင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ 

  • လျှပ်စစ်၏ သဘောသဘာဝကို နားလည်သိရှိစေရန် 
  • လျှပ်စစ်ကို အန္တရာယ်ကင်းစွာ ကိုင်တွယ်အသုံးပြုတတ်စေရန် 
  • လျှပ်စစ်ပစ္စည်းများကို  ပြုပြင်ထိန်းသိန်းတတ်စေရန် 
  • လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပို့ဆောင် ဖြန့်ဖြူးခြင်း အကြောင်းများ သိရှိနားလည်စေရန် 
  • လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းတတ်စေရန် နှင့် 
  • စက်ရုံအလုပ်များတွင် လျှပ်စစ်ပစ္စည်းများကို ထိန်းချုပ်မောင်းနှင်း တတ်စေရန် ဖြစ်ပါသည် 

GTIကျောင်းများတွင်၃နှစ်တက်ရောက် ပညာသင်ကြားပြီး အောင်မြင်လျှင် A.GTI(EP)Diploma အောင်လက်မှတ်ရရှိမည်ဖြစ်ပါသည်။ လက်တွေ့ကျွမ်းကျင်မှုများပိုမိုရရှိစေရန်လျှပ်စစ်စွမ်းအားဌာန၏စာသင်ကြားမှုနည်းစနစ်မှာစာတွေ့(40%)နှင့်လက်တွေ့(60%)ဖြစ်ပါသည်။

G.T.I ကျောင်းများမှ ထူးချွန်စွာ အောင်မြင်လျှင် နည်းပညာတက္ကသိုလ်များသို့ 

ဆက်လက် တက်ရောက်နိုင်ပီး (BE)ဘွဲ့များလည်း ရရှိနိုင်ပါသည်။ 

ဘာသာရပ်များ 

လျှပ်စစ်စွမ်းအားဌာနတွင် ပထမနှစ်၌ သင်ကြားလျက်ရှိသော မေဂျာဘာသာရပ်များမှာ Basic Electricity ဘာသာနှင့် Analog and Digital ဘာသာရပ်တို့ ဖြစ်ပါသည်။

Basic Electrical ဘာသာရပ်တွင် Electrical source types and component of electrical circuit များအကြောင်း ၊ Series and Parallel connections၊ Different between power and Energy များအကြောင်း၊ RLC circuit များအကြောင်း safety အကြောင်းများကိုသင်ကြားပေးပါသည်။ လျှပ်စစ်အခြေခံသဘောတရားများဖြစ်သည့် Voltage,Current,Power များကို 

စနစ်တကျတိုင်းတာအသုံးပြုတတ်စေရန်နှင့် အန္တရယ်ကင်းစွာကိုင်တွယ်တတ်စေရန်သင်ကြားပေးပါသည်။ လျှပ်စစ်ဆားကစ်များကို

မှန်ကန်စွာတည်ဆောက်တတ်စေရန် နှင့် အိမ်သုံးမီတာများ၏ unit နှင့် ကုန်ကျစရိတ်များကို မှန်ကန်စွာ တွက်ချက်တတ်စေရန်လည်း သင်ကြားပေးပါသည်။

 Basic Electricity ဘာသာရပ် သင်ကြားရာတွင် အသုံးပြုသော သင်ထောက်ကူပစ္စည်းများမှာ 

  • PC computer 
  • Virtual bench 
  • NI universal cards 
  • Digital Multimeters 
  • Analog Multimeters 
  • Clamp Meters 
  • Voltmeters and Ammeters(AC/DC) 
  • Variable power supply 
  • Circuit trainer kit 
  • Hand-Tools boxs 
  • Various connection wires 
  • Several resistors, inductors,capacitors 
  • Various switchs, sockets,  plugs, lamps –etc တို့ဖြစ်ပါသည်။ 

Analog and Digital ဘာသာရပ်တွင် Analog circuit တွေအကြောင်း၊ signal တွေအကြောင်း Half-wave ၊Full-waveတွေအကြောင်း၊digital bits၊ bytes တွေအကြောင်း၊ binary ၊ decimal ၊hexadecimal အကြောင်း၊ Logic Gate တွေအကြောင်း  စသဖြင့်သင်ကြားပေးပါတယ်။

ရည်ရွယ်ချက်မှာ-

  • Analog circuit တွေကို အခြေခံသိရှိစေရန်။
  • Half-wave circuit၊ Full-wave circuit များအကြောင်းသိရှိပြီး resistor အစားထိုးဆင်တတ်စေရန်။
  • Memory bytes တွေအကြောင်းသိရှိစေရန်။
  • Logic Gate များအကြောင်းအခြေခံမှစ သိရှိစေရန် ဖြစ်ပါသည်။

လိုအပ်သော သင်ထောက်ကူပစ္စည်းများ-

  • Resistor အမျိုးမျိုး
  • LED များ
  • 9 V battery
  • Logic gate trainer board etc.   စသည်တို့ ဖြစ်ပါသည်။

ဒုတိယနှစ်တွင် သင်ကြားလျက်ရှိသော ဘာသာရပ်များမှာ Electrical Wiring Installation ၊Electrical Machine၊ Electrical Engineering Circuit Analysis ၊ Generation Transmition and Distribution ဘာသာရပ်များဖြစ်ပါသည်။

Electrical Energineering Circuit Analysis  ဘာသာရပ်မှာ ပထမနှစ်တွင် သင်ကြားထားသောElectrical  Circuit များအကြောင်းကို အသေးစိတ် ထပ်မံ သင်ကြားပေးခြင်းဖြစ်ပါသည်။ Circuit အတွင်းရှိ Voltage Polarity နှင့် Current Directions များအကြောင်း သိရှိနားလည်စေရန် circuit design အမျိူးမျိုးဖြင့်  သင်ကြားပေးပါသည်။ NI board များကို computer ဖြင့် ချိတ်ဆက်ပြီး circuit များအား လိုအပ်သလို design ပြုလုပ်ပြီး တွက်ချက်ခြင်းများကိုလည်း သင်ကြားပေးပါသည်။

Generation,Transmission and Distribution ဘာသာရပ်တွင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရာတွင် အဓိကဖြစ်သည့်  Energy Sources များအကြောင်း၊Generation Stations များအကြောင်း၊Sub-stations များအကြောင်းကို first semester တွင်သင်ကြားပြီး  Overhead Lines Design နှင့် Performane of Transmission Lines များအကြောင်းကို second semester တွင် သင်ကြားပေးပါသည်။ 

Electrical Machine ဘာသာရပ်တွင် DC Machines များအကြောင်းကို အခြေခံမှစ၍ နားလည်သဘောပေါက်စေရန် DC Generators များ၏ Characteristics များ၊ Armature Reactions and Commutation အကြောင်း၊ Parallel Operation များအကြောင်းကို သင်ကြားပေးပါသည်။ DC Motors များ၏ characteristics များ၊ Motor Windings များ၊ Motor Speed Control နှင့် Efficiency and Losses များအကြောင်းကိုလည်း သင်ကြားပေးပါသည်။ 

Electrical Wiring Design and Installation ဘာသာရပ်တွင်HandTools

များအသုံးပြုပုံ၊Electrical Accessories and Insulating Materials များအကြောင်း၊ 

Type and Installation of Wiring System များအကြောင်းကိုစာတွေ့လက်တွေ့

 အသေးစိတ် သင်ကြားပေးပါသည်။ 

တတိယနှစ်တွင် သင်ကြားလျက်ရှိသော မေဂျာဘာသာရပ်များမှာ safety and Protection၊ Electrical Machine၊ Transmission and Distribution၊Electrical Estimation ၊ Industrial Motor Control and PLC ဘာသာရပ်တို့ဖြစ်ပါတယ်။ 

 Electrical Machines  ဘာသာရပ်တွင် 3-phase circuit တွေအကြောင်း ၊ Transformer တွေအကြောင်း ၊ Generator အကြောင်း၊ Motor အကြောင်းများကို သင်ကြားပေးပါတယ် ။ ရည်ရွယ်ချက်မှာ-

  • 3-phase circuit တွေဟာ single phase circuit တွေထက် ပိုမိုအားသာ ကြောင်းသိရှိစေရန်၊
  • Transformer winding ပတ်ရန် လိုအပ်ချက်များအသေးစိတ်သိရှိစေပြီး၊ အခြေခံ transformer အသေးစားပတ်တတ်စေရန်
  • Transformer losses, Transformer efficiency, all-day efficiency, transformer noise, transformer ratio များတွက်ချက်တတ်စေရန်
  • 3-phase Motor အကြောင်းများအသေးစိတ်သိရှိစေရန်၊ ပျက်စီးနေသော ကွိုင်လောင်ကျွမ်းနေသော single phase motor ကို winding ပြန်လည်ပတ်တတ်စေရန်၊ winding ပတ်လျှင်လိုအပ်သည့်အရာများသိရှိစေရန် ရည်ရွယ် သင်ကြားပေးခြင်းဖြစ်ပါသည်။

လိုအပ်သော သင်ထောက်ကူပစ္စည်းများမှာ-

  • Ready made former
  • Winding machines
  • Rubber hammer
  • Tinner
  • Cotton paper
  • Single phase induction motor
  • Enamel wire
  • S.W.G
  • Isulation paper etc.          စသည်တို့ ဖြစ်ပါသည်။                 

  Industrial Motor Control & PLC  ဘာသာရပ်တွင်   motor control အားအသေး စိတ်စာတွေ့လက်တွေ့သင်ကြား  ေပးပါသည်။ မော်တာများကို switches များဖြင့်ထိန်းချုပ်မောင်းနှင်ခြင်းနှင့်PLC(programmable Logic Contro), HMI, LOGO8 စသည်များကိုအသုံးပြုပြီး software ရေး၍ စက်များကို ထိန်ချုပ်မောင်းနှင်နိုင်ရန် စာတွေ့  လက်တွေ့ဖြင့် သင်ကြားပေးခြင်း ဖြစ်ပါသည်။ Motor controပိုင်းတွင်first semmesterပိုင်းတွင်စက်များအားတိုက်ရိုက်ထိန်းချုပ်မောင်းနှင်ခြင်းအားလက်တွေ့သင်ကြားရပါမည်။ ဒါအပြင်သတ်မှတ်နေရောက်လျှင်ရပ်တန့်နိုင်သောlimit switch, အရိပ်မြင်လျှင်အလိုလျောက်ရပ်တန့်သွားသော photo eye sensor, အသံကြားလျှင် အလိုအလျှောက် ရပ်တန့်သွားသော voice sensor စသည့်  switches အကြောင်းများ timers များအကြောင်းများ စာတွေ့လက်တွေ့သင်ကြားရပါမည်။ထို့နောက် induction motor(single phase&three phase) များကို direct on line,forward & reverse,star delta စသည့်contorl methods များကိုသင်ကြားရပါမည်။ Second semmeesterတွင် control ပိုင်းအားsoftware ရေး၍ ထိန်းချုပ်မည့်အပိုင်းအားသင်ကြားရပါမည်။ Computer ထဲတွင်control ဖြင့်သက်ဆိုင်သော app ထည့်၍မိမိထိန်းချုပ်ချင်သော design ရေးပြီး mouse တစ်ချက်နှိပ်ပြီး လိုသလိုထိန်းချုပ်ခြင်းများ သင်ကြား ပေးခြင်း ဖြစ်ပါသည်။

Electrical Estimation ဘာသာရပ်တွင် လူနေအဆောက်အအုံများ၊ စက်ရုံ အလုပ်ရုံများတွင် Wiring Installation ပြုလုပ်ရာ၌ Installation Design ပေါ်မူတည်၍

 လိုအပ်သောပစ္စည်းများ( Materials Requirements) နှင့် ကုန်ကျစရိတ်များ (Materials Costs) များကို အသေးစိတ် ခန့်မှန်း တွက်ချက်တတ်စေရန် သင်ကြားပေးပါသည်။  Generation Stations များ၏ ထုတ်လုပ်မှုကုန်ကျစရိတ် (Cost of Electrical energy)များအကြောင်းကို သိရှိနားလည်စေရန်အတွက် သင်ကြားပေးပါသည်။ 

Safety and Protection ဘာသာရပ်တွင် Electrical shocks and their Prevention အကြောင်း၊ Circuit Breaker and Fuses များအကြောင်း၊ Protection of Alternators, Transformer, Busbars and    Lines များအကြောင်း၊  Protection against Overvoltage and Neutral Grounding များအကြောင်း အသေးစိတ် သင်ကြားပေးပါသည်။ 

Transmission and Distribution ဘာသာရပ်တွင် SupplySystem အကြောင်း၊ 

UndergroundCable  များအကြောင်း နှင့် Distribution System   များအကြောင်းကို

 သင်ကြားပေးပါသည်။ 

ကာလတိုသင်တန်းများ

စဉ် သင်တန်းများ သင်တန်းသားဦးရေ ဖွင့်လှစ်ခဲ့သည့်အကြိမ်အရေအတွက်
အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း ၄၉
Motor Control သင်တန်း ၁၃

လျှပ်စစ်စွမ်းအားဌာနတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများ

စဥ်  အမည်  ပညာအရည်အချင်း  ရာထူး  မှတ်ချက်nbsp;
၁  ဒေါ်ဖြိုးဖြိုးဝေ  ME.EP  တွဲဖက်ပါမောက္ခ  မန္တလေး(GTI)တွဲဖက် 
၂  ဒေါ်ဖြူဝင်းဝင်းအိ  ME.EP  ကထိက   
၃  ဒေါ်မာမာဝင်း  ME.EP  ကထိက   
၄  ဒေါ်စန်းစန်းဌေး   BE.EP  ကထိက  မကွေး(GTI)တွဲဖက် 
၅  ဒေါ်ခိုင်သန္တာဦး  AGTI.EP  ကျွမ်း(၁)   
၆  ဦးကျော်ဖြိုးဝေ  AGTI.EP  ကျွမ်း(၄)   

လျှပ်စစ်စွမ်းအားဌာနအချိန်ဇယား

Date Time
1 2 3 4 5 6 7
8:00 AM 9:00 PM 9:00 AM 10:00 PM 10:00 AM 11:00 PM 11:00 AM 12:00 PM 1:00 PM 2:00 PM 2:00 PM 3:00 PM 3:00 PM 4:00 PM
MON Basic Electricity
ဒေါ်ဖြူဝင်းဝင်းအိ
Chemistry
ဒေါ်သန့်သန့်သိန်း
English
ဒေါ်နီနီထွေး
TUE Analogue & Digital ဒေါ်မာမာဝင်း Basic Electricity
ဒေါ်ဖြူဝင်းဝင်းအိ
Mechanic
ဒေါ်တင်တင်ဝင်း
WED Basic Electricity
ဒေါ်ဖြူဝင်းဝင်းအိ
Drawing
ဦးစောလွင်
Analogue & Digital
ဒေါ်မာမာဝင်း
THU Drawing
ဦးစောလွင်
Lab
ဒေါ်ဇင်မာကျော်
FRI Myanmar
ဒေါ်ခင်ဆွေအေး
Physics
ဒေါ်စန္ဒာစုခိုင်
Maths
ဒေါ်တင်တင်လှိုင်
Date Time 1 2 3 4 5 6 7
8:00 AM 9:00 PM 9:00 AM 10:00 PM 10:00 AM 11:00 PM 11:00 AM 12:00 PM 1:00 PM 2:00 PM 2:00 PM 3:00 PM 3:00 PM 4:00 PM
MON MEF ဦးအောင်ရာဇာ Eng ဒေါ်ဟေမာန်နေဖြိုးဦး E-machine ဒေါ်ဇင်မာကျော်
TUE E-machine ဒေါ်ဇင်မာကျော် Eng ဒေါ်ဟေမာန်နေဖြိုးဦး E.I ဦးသက်ဦးမောင်
WED T&D ဒေါ်နီလာခိုင် MEF ဦးအောင်ရာဇာ Maths ဒေါ်စန်းသီတာ
THU E.I ဦးသက်ဦးမောင် EECA ဒေါ်စန်းစန်းဌေး T&D ဒေါ်နီလာခိုင်
FRI Lab ဒေါ်နိုင်အေးဝင်း EECA ဒေါ်စန်းစန်းဌေး
Date Time 1 2 3 4 5 6 7
8:00 AM 9:00 PM 9:00 AM 10:00 PM 10:00 AM 11:00 PM 11:00 AM 12:00 PM 1:00 PM 2:00 PM 2:00 PM 3:00 PM 3:00 PM 4:00 PM
MON T&D ဒေါ်နီလာခိုင် Eng ဒေါ်မီမီကျော် Safety Dr.ချောစုလှိုင်
TUE Eng ဒေါ်မီမီကျော် Safety Dr.ချောစုလှိုင် IMC ဒေါ်ဖြူသီအောင်
WED Estimate ဒေါ်တင်ကြည် T&D ဒေါ်နီလာခိုင်
THU IMC ဒေါ်ဖြူသီအောင် E-Machine ဒေါ်မာမာဝင်း
FRI E-Machine ဒေါ်မာမာဝင်း Estimate ဒေါ်တင်ကြည် Lab ဦးသက်ဦးမောင်